အကြမ်းဖျင်းဈေးနှုန်း ဒေါ်လာ သန်း ၁၀၀ လောက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်မျက်ရတနာလို့ လူသိများတဲ့ နီလာအရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့ – ရုပ်သံ

အကြမ်းဖျင်းဈေးနှုန်း ဒေါ်လာ သန်း ၁၀၀ လောက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်မျက်ရတနာလို့ လူသိများတဲ့ နီလာအရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့ – ရုပ်သံ

သီရိလင်္ကာကျောက်မျက်ရတနာကုမ္ပဏီ Topline က သဘာဝအပြာရောင်နီလာကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ အလေးချိန် 683 ပေါင်ရှိတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးကျောက်မျက်ရတနာကို အာရှဘုရင်မအဖြစ် လူသိများပါတယ် ။ သီရိလင်္ကာကျောက်မျက်ရတနာနဲ့ ကျောက်မျက်အေဂျင်စီ ဥက္ကဋ္ဌ Thiluck Weerasingh က ထိုရှာဖွေတွေ့ရှိမှုဟာ အရေးကြီးဆုံးနဲ့ အကြီးကျယ်ဆုံးလို့ ယူဆကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ Forbes မဂ္ဂဇင်းက ထိုနီလာသတ္တုရိုင်းကို ဖြုတ်လိုက်လျှင် ဈေးနှုန်းအကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ သို့မဟုတ် ဘတ် ၃.၃ ဘီလီယံနီးပါးခန့်ရှိတဲ့ မင်္ဂလာလက်စွပ် 1,549,016 ခုအထိ ပြောင်းလဲနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ် ။

ထို့အပြင် အရေးကြီးတဲ့ ကျောက်မျက်ရတနာ အများအပြားကိုလည်း တွေ့ရှိခဲ့ပါတယ် ။ “Bluebell of Asia” ၊ ၃၉၂ ကာရက်ရှိ နီလာဟာ ဒေါ်လာ ၁၇.၅ သန်းဖြင့် ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်တဲ့အပြင် နယူးယောက်မြို့ရှိ သဘာဝသမိုင်းပြတိုက်မှာ ပြသထားသည့် ရှားပါး ‘အိန္ဒိယကြယ်’ နီလာကို သီရိလင်္ကာမှာလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ် ။

crd

Zawgyi



crd

Leave a Reply

Your email address will not be published. Required fields are marked *