အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာ သလား။ ဒီ မေးခွန်းကို မဖြေခင် ဒါလေးကို အရင် မေးကြည့် ပါရစေနော်။ငယ်ငယ်တုန်းကထက် ပိုပြီး ဖျားနာလာတယ်။ ရေချိုး နောက်ကျမိရုံလေး၊ အဲကွန်းဖွင့်ပြီး အမှတ်တမဲ့ အိပ်မိသွားရုံလောက်နဲ့ နေထိုင်မကောင်း ဖြစ်တော့တာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ရာသီဥတု အပြောင်းအလဲလေး ဖြစ်တာနဲ့ အအေးမိသလိုလို ဖျားချင်သလိုလို ခံစားနေရပြီလား။ဒါက ဘာကြောင့်လို့ ထင်ပါသလဲ။ အဖြေက အသက်ရ လာလို့လေဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် …

Read More

Omega-3 ချို့တဲ့ မှုရဲ့ သိသာထင်ရှားတဲ့ လက္ခဏာမျာ

Omega-3 fatty acids က လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ သင့်ခန္ဓာကိုယ်က ဆဲလ်စ်တွေ သန်မာစေဖို့အတွက် အထူးအရေးပါပါတယ်။ ဆဲလ်စ်တွေ သန်မာမှ ကိုယ်ခံအား၊ အဆုတ်၊ နှလုံးနဲ့ ဟိုမုန်းလည်ပတ်မှုစနစ်တွေ ပုံမှန်အတိုင်းကျန်းမာနေမှာပါ။ ဒီလောက်အရေးကြီးတဲ့ Omega-3 ချို့တဲ့ ပြီဆိုရင် ဘာတွေဖြစ်လာတတ်သလဲ သိကြပါသလား။ Omega-3 တွေဟာ polyunsaturated fatty acid (PUFA) အမျိုးအစားပါ။ Eicosapentaenoic acid (EPA) …

Read More

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဟင်းချက်ဆီ ဆိုတာကို ဟင်းလျာတွေ ချက်ဖို့ အသုံးပြုလေ့ ရှိသလို အသုပ်တွေမှာလည်း ထည့်စားတတ်ကြပါတယ်။ ဒါတင်မကသေးပါဘူး ငါးခြောက်၊ အသားခြောက်။ လက်ဖက်စတာတွေကို စိမ်ပြီးတော့ စားရာမှာလည်း ဆီကို အသုံးပြုကြတာပါ။ ဟင်းချက်ဆီက နေ့စဉ် စားသောက်မှုမှာ မပါမဖြစ် ပါဝင်နေတဲ့အရာတစ်ခုပေါ့။ ကျန်းမာတဲ့သူတွေအတွက်က ဟင်းချက်ဆီက သိပ်ပြဿနာ မရှိပေမယ့် ဆီးချိုရှိတဲ့သူအတွက်ကတော့ ဆီးချိုအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မတိုးစေဖို့ ဘယ်လို ဟင်းချက်ဆီ အမျိုးအစားက အကောင်းဆုံး ဖြစ်မလဲ။ဘယ်ဟင်းချက်ဆီကတော့ အန္တရာယ်ဖြစ်စေမလဲဆိုတာကို သေချာလေး …

Read More

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

သွေးတိုးစေရတဲ့ အကြောင်းရင်းတွေထဲမှာ စိတ်ဖိစီးမှု လည်း ပါပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတိုးမရှိတဲ့သူလည်း သွေးတက်လာနိုင်သလို၊ နဂိုရောဂါအခံရှိပြီးသားလူဆိုရင်လည်း ပိုပြီး တိုးလာနိုင်ပါတယ်။ လူတော်တော်များများက စိတ်ဖိစီးတာကို သတိမပြုမိကြတဲ့အတွက် သွေးတိုးတာကိုပဲ ပြဿနာတစ်ခုလို သဘောထားပြီး ဖြေရှင်းတတ်ပါတယ်။ အကြောင်းရင်းခံဖြစ်တဲ့ စိတ်ဖိစီးမှုကို မဖြေရှင်းသရွေ့ကတော့ သွေးက ဆက်တိုးနေဦးမှာပါပဲ။ စိတ်ဖိစီးမှု ကြောင့် သွေးတိုးတက်သလား။ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က stress ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျုံ့စေတဲ့အတွက် …

Read More

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

ဦးနှောက်က ခန္ဓာကိုယ်မှာ အရေးပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ ခန္ဓာကိုယ်ကြီးရဲ့ ပင်မထိန်းချုပ် စနစ်တစ်ရပ်ပါ။ နှလုံးခုန်စေဖို့ လုပ်ဆောင်ပေးသလို အဆုတ်က အသက်ရှူစေဖို့လည်း ကူညီပေးပါတယ်။ လှုပ်ရှားမှု၊ ခံစားမှု၊ တွေးတောမှု အားလုံးကိုလည်း ဦးနှောက်က လုပ်ဆောင်တာပါ။ ဒီလို တာဝန် အများကြီး ထမ်းဆောင်တဲ့ ဦးနှောက်လေးက အရာရာကို မှတ်မိစေတဲ့ မှတ်ဉာဏ်လေး အဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။ ဒီတစ်ခေါက်တော့ မှတ်ဉာဏ်ကောင်းစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ …

Read More