ဓာတ်ပုံမရိုက်ချင်တဲ့လူဝံကို အတင်းဓာတ်ပုံရိုက်နေခဲ့မိလို့ လက်သီးစာစားခဲ့ရတဲ့ဓာတ်ပုံဆရာ

တစ်ခါတစ်လေ လူသားတွေဟာသူတို့သဘောကျ နှစ်သက်တဲ့အရာတွေကိုလုပ်နေရရင် အန္တရာယ်များလွန်းတဲ့အခိုက်အတန့်တွေကိုတောင် မေ့လျော့နေတတ်ကြတာပါ ။ အထူးသဖြင့် တောရိုင်းတိရစ္ဆာန်တွေကို ဓာတ်ပုံရိုက်ယူလေ့ရှိတဲ့ ဓာတ်ပုံဆရာတွေပါ ။ Christophe Courteau အမည်ရှိတဲ့ ဓာတ်ပုံဆရာဟာ Rwanda နိုင်ငံမှာရှိတဲ့ Volcanoes National Park ရဲ့ တောအုပ်ထဲက ဂေါ်ရီလာလူဝံအုပ်စုကို ဓာတ်ပုံရိုက်ယူနေခဲ့တာပါ ။ သို့ပေမဲ့လည်း ဓာတ်ပုံရိုက်ယူနေတာကို လူဝံအထီးတစ်ကောင်က အတော့်ကိုမနှစ်သက်သလိုဖြစ်နေခဲ့တာပါ ။ …

Read More

သဘာဝရဲ့အလှတရားကို အဝကြီးခံစားနိုင်မယ့် တောင်ကုန်းပေါ်က သစ်ပင်အိမ်လေး

အခုဖော်ပြမဲ့ ချစ်စရာကောင်းပြီးထူးခြားတဲ့အိမ်လေးငယ်လေးကတော့ နော်ဝေးနိုင်ငံ Odda မြို့ရဲ့တောင်ကုန်းမြင့်ပေါ်တစ်ခုမှာ @helenhardarchitects ဆိုသူက ဒီဇိုင်းဆွဲဆောက်လုပ်ထားတာပါ။အဆိုပါအိမ်ကို သစ်ပင်တစ်ပင်တည်းပေါ်မှာဘဲ ဆောက်လုပ်ထားပြီး အိမ်ရဲ့အောက်ပိုင်းကို သစ်သားအပိုင်းအစတွေနဲ့ ပတ်လည်ကွပ်ထားတာကြောင့် သူ့ပုံစံက Ice age ကာတွန်းကားထဲက ရှဥ့်ကောင်လေး အမြဲလိုက်ရှာဖမ်းနေရတဲ့ အသီးနဲ့တူနေပါတယ်။ အပေါ်ပိုင်းကိုတော့ ရူခင်းသာယာပြီး လှပတဲ့မြစ်ကို ခံစားကြည့်ရှုနိုင်ဖို့ မှန်တွေနဲ့ ကာထားပါတယ်။အဆိုပါအိမ်လေးက ဆိတ်ငြိမ်ပြီး အေးအေးချမ်းချမ်းနေချင်တဲ့သူတွေအတွက် အထူးသင့်လျော်နေမှာပါ။မနက်ခင်းကော်ဖီပူပူတစ်ခွက် နဲ့ …

Read More

ရှားပါးပြီး ဒေါ်လာ ၃၄၀,၀၀၀ တန်ဖိုးရှိလိမ္မော်ရောင်ပုလဲကို ရှာဖွေတွေ့ရှိခဲ့တဲ့ တံငါသည်တစ်ဦး

Hatchai Niyomdecha အမည်ရှိအမျိုးသားနှင့် သူ့ရဲ့မိသားစုအတွက် ထိုင်းနိုင်ငံရှိ Nakhon Si Thammarat ကမ်းခြေတစ်လျှောက် ကမာခွံများလိုက်ကောက်ခြင်းအလုပ်ဟာ အခြားသာမန်နေ့တစ်နေ့လိုဘဲ ဖြစ်နေပါတယ်။သို့ပေမဲ့ Hatchai အတွက် အလွန်အံ့အားသင့်သွားစရာဖြစ်သွားခဲ့ရပြီး နောက်ဆုံးမှာ သူ့ဘဝရဲ့အကြီးမားဆုံးပြောင်းလဲမှုအဖြစ် ရှာဖွေတွေ့ရှိမှုတစ်ခုကို တွေ့ရှိသွားခဲ့ရပါတယ်။အစီရင်ခံစာများအရ အသက် ၃၇ နှစ်အရွယ်တံငါသည်တစ်ဦးဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က လိမ္မော်ရောင်ပုလဲကို ရှားပါးစွာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။ …

Read More

ရှေးခေတ်ကျောက်တုံးကြီးကို ခေတ်မီလှပတဲ့နေအိမ်အဖြစ် ပြောင်းလဲတည်ဆောက်ပြခဲ့တဲ့ ဗိသုကာအနုပညာရှင်

Amey Kandalgaonkar အမည်ရှိ ဗိသုကာဒီဇိုင်းပညာရှင်က အခုလိုဆန်းသစ်တဲ့ဗိသုကာလက်ရာပုံစံဖြစ်တဲ့ အိမ်တစ်လုံးကို Saudi Arabia ရှိ Mada’in Saleh ကျောက်တုံးမှာ မှုတ်သွင်းဖန်တီးထားပါတယ်။Kandalgaonkar ဟာ Mada’in Saleh ကြီးမားကျယ်ပြန့်တဲ့ကျောက်တုံးရဲ့အတွင်းပိုင်းကို ခေတ်မီတဲ့နေအိမ်ဗိသုကာဒီဇိုင်းဖြင့် တည်ဆောက်ခဲ့ပါတယ်။ Kandalgaonkar က ၎င်းနေရာကို ဝေဟင်မှမြင်တွေ့ရတဲ့အခါ တရုတ်ပဟေဠိဆန်ဆန်သေတ္တာတစ်ခုနှင့်တူတယ်လို့ ဆိုပါတယ်။ Kandalgoankar ဟာ 3D Concept ကိုဖန်တီးရာမှာ …

Read More

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာ သလား။ ဒီ မေးခွန်းကို မဖြေခင် ဒါလေးကို အရင် မေးကြည့် ပါရစေနော်။ငယ်ငယ်တုန်းကထက် ပိုပြီး ဖျားနာလာတယ်။ ရေချိုး နောက်ကျမိရုံလေး၊ အဲကွန်းဖွင့်ပြီး အမှတ်တမဲ့ အိပ်မိသွားရုံလောက်နဲ့ နေထိုင်မကောင်း ဖြစ်တော့တာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ရာသီဥတု အပြောင်းအလဲလေး ဖြစ်တာနဲ့ အအေးမိသလိုလို ဖျားချင်သလိုလို ခံစားနေရပြီလား။ဒါက ဘာကြောင့်လို့ ထင်ပါသလဲ။ အဖြေက အသက်ရ လာလို့လေဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် …

Read More

Omega-3 ချို့တဲ့ မှုရဲ့ သိသာထင်ရှားတဲ့ လက္ခဏာမျာ

Omega-3 fatty acids က လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ သင့်ခန္ဓာကိုယ်က ဆဲလ်စ်တွေ သန်မာစေဖို့အတွက် အထူးအရေးပါပါတယ်။ ဆဲလ်စ်တွေ သန်မာမှ ကိုယ်ခံအား၊ အဆုတ်၊ နှလုံးနဲ့ ဟိုမုန်းလည်ပတ်မှုစနစ်တွေ ပုံမှန်အတိုင်းကျန်းမာနေမှာပါ။ ဒီလောက်အရေးကြီးတဲ့ Omega-3 ချို့တဲ့ ပြီဆိုရင် ဘာတွေဖြစ်လာတတ်သလဲ သိကြပါသလား။ Omega-3 တွေဟာ polyunsaturated fatty acid (PUFA) အမျိုးအစားပါ။ Eicosapentaenoic acid (EPA) …

Read More

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဟင်းချက်ဆီ ဆိုတာကို ဟင်းလျာတွေ ချက်ဖို့ အသုံးပြုလေ့ ရှိသလို အသုပ်တွေမှာလည်း ထည့်စားတတ်ကြပါတယ်။ ဒါတင်မကသေးပါဘူး ငါးခြောက်၊ အသားခြောက်။ လက်ဖက်စတာတွေကို စိမ်ပြီးတော့ စားရာမှာလည်း ဆီကို အသုံးပြုကြတာပါ။ ဟင်းချက်ဆီက နေ့စဉ် စားသောက်မှုမှာ မပါမဖြစ် ပါဝင်နေတဲ့အရာတစ်ခုပေါ့။ ကျန်းမာတဲ့သူတွေအတွက်က ဟင်းချက်ဆီက သိပ်ပြဿနာ မရှိပေမယ့် ဆီးချိုရှိတဲ့သူအတွက်ကတော့ ဆီးချိုအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မတိုးစေဖို့ ဘယ်လို ဟင်းချက်ဆီ အမျိုးအစားက အကောင်းဆုံး ဖြစ်မလဲ။ဘယ်ဟင်းချက်ဆီကတော့ အန္တရာယ်ဖြစ်စေမလဲဆိုတာကို သေချာလေး …

Read More

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

သွေးတိုးစေရတဲ့ အကြောင်းရင်းတွေထဲမှာ စိတ်ဖိစီးမှု လည်း ပါပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတိုးမရှိတဲ့သူလည်း သွေးတက်လာနိုင်သလို၊ နဂိုရောဂါအခံရှိပြီးသားလူဆိုရင်လည်း ပိုပြီး တိုးလာနိုင်ပါတယ်။ လူတော်တော်များများက စိတ်ဖိစီးတာကို သတိမပြုမိကြတဲ့အတွက် သွေးတိုးတာကိုပဲ ပြဿနာတစ်ခုလို သဘောထားပြီး ဖြေရှင်းတတ်ပါတယ်။ အကြောင်းရင်းခံဖြစ်တဲ့ စိတ်ဖိစီးမှုကို မဖြေရှင်းသရွေ့ကတော့ သွေးက ဆက်တိုးနေဦးမှာပါပဲ။ စိတ်ဖိစီးမှု ကြောင့် သွေးတိုးတက်သလား။ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က stress ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျုံ့စေတဲ့အတွက် …

Read More

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

ဦးနှောက်က ခန္ဓာကိုယ်မှာ အရေးပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ ခန္ဓာကိုယ်ကြီးရဲ့ ပင်မထိန်းချုပ် စနစ်တစ်ရပ်ပါ။ နှလုံးခုန်စေဖို့ လုပ်ဆောင်ပေးသလို အဆုတ်က အသက်ရှူစေဖို့လည်း ကူညီပေးပါတယ်။ လှုပ်ရှားမှု၊ ခံစားမှု၊ တွေးတောမှု အားလုံးကိုလည်း ဦးနှောက်က လုပ်ဆောင်တာပါ။ ဒီလို တာဝန် အများကြီး ထမ်းဆောင်တဲ့ ဦးနှောက်လေးက အရာရာကို မှတ်မိစေတဲ့ မှတ်ဉာဏ်လေး အဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။ ဒီတစ်ခေါက်တော့ မှတ်ဉာဏ်ကောင်းစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ …

Read More

မန်စီးတီးကို ကျော်ပြီး ချဲလ်ဆီးတို့ ပေါင်သန်း ၁၅၀တန် ကြယ်ပွင့်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့တဲ့ ဂျာမိန်း ဂျီးနပ်စ်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ပေါင်သန်း ၂၂၀ကျော် သုံးစွဲပြီး ကစားသမားသစ် ၇ဦး အထိ ခေါ်ယူအားဖြည့်ခဲ့သလို ၊ ယခုနှစ် နွေရာသီ စျေးကွက် အတွင်းမှာလည်း ဆက်ပြီး ငွေသုံးကြမ်းဖို့ ရှိလာနိုင်ပါတယ် ။ မနှစ်ကလိုတော့ ကစားသမား အမြောက်အမြားကို တပြိုင်နက်တည်းခေါ်တော့မှာ မဟုတ်ပဲ ၊ အမှန်တကယ် အသင်း …

Read More